တခါတလေ အသုံးလိုတဲ့အချိန်မှာ မိမိကိုယ်တိုင် အတူတူနေထိုင်ကြသူတွေ ဆီကနေ ခေတ္တခဏ အခြေအနေအရ ငှားရမ်းသုံးစွဲတတ်ကြတဲ့အထဲမှာ နေ့စဉ်သုံးစွဲနေတဲ့ အသုံးအဆောင်လေးတွေ ဖြစ်ဖြစ် အခြားပစ္စည်းလေးတွေ ဖြစ်ဖြစ် ငှားရမ်းမိတတ်ကြပါတယ်။
အချို့ပစ္စည်းတွေအတွက်ကတော့ သုံးစွဲပြီး ပြန်ပေးရင် ဘာမှမဖြစ်နိုင်ပေမဲ့ ကျန်းမာရေးနှင့်ပက်သက်တဲ့ မငှားသင့်တဲ့ ပစ္စည်းလေးတွေကို သိရှိနားလည်ထားရင် မိတ်ဆွေအချင်းချင်း မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုများကို ရှောင်လွဲနိုင်ပါတယ်။
ထိုအရာတွေကတော့
ဆပ်ပြာတုံး။
အရေပြားသန့်ရှင်းရန်နှင့် ဘက်တီးရီးယားများ သေစေနိုင်ရန် အသုံးပြုသော ဆပ်ပြာတုံးသည် အသုံးပြုပြီးချိန်တွင် ဘက်တီးရီးယားအချို့ ကျန်ရှိနေတတ်သည်။ ထို့ကြောင့် ဘက်တီးရီးယားတို့သည် အခြားသူတယောက် ဆီသို့ အလွယ်တကူ ကူးပြောင်းသွားနိုင်သည်။
ဦးထုပ်၊ ခေါင်းဆောင်းများ(Helmet)၊ ဆံပင်ဖီး ဘီးအမျိုးမျိုး။
အထက်တွင် ဖေါ်ပြထားတဲ့ ပစ္စည်းတွေဟာ သန်းပိုးမွားတွေကို တယောက်နှင့် တယောက် အလွယ်တကူ ကူးပြောင်းသယ်ဆောင် စေနိုင်တဲ့အတွက် အချင်းချင်း ငှားရမ်းအသုံးမပြုပဲ သီးသန့်စီ သုံးနိုင်ရင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သည်။
လက်သည်း၊ ခြေသည်း ညှပ်အမျိုးမျိုး။
ဒီပစ္စည်းကတော့ အတတ်နိုင်ဆုံး တဦးတယောက် ချင်းဆီ သီးသန့်အသုံးပြုပါတယ်။ အကယ်၍ ခြေသည်း၊ လက်သည်း ဝန်းကျင်တဝိုက်မှာ ထိခိုက်ဒါဏ်ရာ ရှိရင် ဘက်တီးရီးယား ဝင်ဖို့ အလွန်လွယ်ကူပါတယ်။
မိတ်ကပ်ခြယ်အသုံးအဆောင်များ။
မျက်တောင်ခြယ်ဆေး၊ စုတ်တံများ၊ နုတ်ခမ်းနီဆိုးဆေးတောင့် နှင့်အခြား အလှပြုပြင်ခြင်းဆိုင်ရာ ပစ္စည်းများကိုလဲ အတတ်နိုင်ဆုံး သီးသန့်အသုံးပြုနိုင်ရင် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
ထိုအရာတို့မှ တဆင့် ရေယုန်နှင့် အခြားအရေပြားဆိုင်ရာ ရောဂါများ တဦးနှင့် တဦးကူးစက်နိုင်သည်။
မုတ်ဆိတ်ရိတ် ဓားများနှင့် ဘလိတ်ဓားများ။
ဒီပစ္စည်းနှင့် ပက်သက်လို့ကတော့ ယခုလိုခေတ်ကြီးမှာ ရှင်းပြစရာမလိုလောက်အောင် လူအများသိထားကြပြီးဖြစ်ပါတယ်။
နားကွင်း၊ နားဆွဲနှင့် နားကပ်များ။
နားကပ်ဖောက်ထားသည့် အပေါက်တွင် ရှိနေတတ်သော ဘက်တီးရီးယားနှင့် ဗိုက်ရပ်စ်ပိုးမွားတို့သည် ဖေါ်ပြပါ အသုံးအဆောင် တို့မှတဆင့် ကူးစက်နိုင်သဖြင့် သတိထား သုံးစွဲသင့်သည်။
Earphones
လေ့လာချက်များအရ Earphones တခုတည်းကိုပဲ အမြဲတစေ အသုံးပြုနေခြင်းသည် နားအတွင်းတွင် ဘက်တီးရီးယားများ ပိုမိုများပြားလာစေပြီး နားနှင့်ပက်သက်သည့် ယောင်ရမ်းခြင်း ဝေဒနာများ ဖြစ်ပေါ်စေသည် တွေ့ရှိရသည့်အတွက် အချင်းချင်း ငှားရမ်းသုံးစွဲခြင်းကို သတိထားသင့်ပါသည်။
Credit : :ဝင်းလှိုင်ဦး






0 comments:
Post a Comment